Spurs Vs Man City 2020-11-22


 

စပါး Vs မန်စီးတီး ၊ ပွဲကြိုသုံးသပ်ချက် 

================


ပရီးမီးယားလိဂ် ပွဲစဉ် ( ၉ ) ရဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး နှင့် မန်ချက်စတာစီးတီးတို့ရဲ့ ပွဲစဉ်ကို နိုဝင်ဘာလ (၂၂ )ရက်  မြန်မာစံတော်ချိန် ည (၁၂ ) နာရီ မှာ စပါးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့  Tottenham Hotspurs Stadium မှာ ကစားမှာ ဖြစ်တယ်။  ဒီနှစ်သင်းရဲ့ နောက်ဆုံးအကြိမ်တွေ့ဆုံမှုမှာ စပါးအသင်းက ၂ ဂိုးပြတ်အနိုင်ရထားတာတွေ့ရတယ်။


==============

#စပါး၏အခြေအနေ



မော်ရင်ဟိုရဲ့ စပါးအသင်းက ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ( ၈ ) ပွဲကစားထားရာမှာ (၅) ပွဲ နိုင် ၊ ( ၂ ) ပွဲ သရေ ၊ ( ၁ ) ပွဲ ရှုံး ရမှတ် ( ၁၇ ) မှတ် ရရှိထားပြီး လက်စတာအသင်းအောက် တစ်မှတ်လျော့ အနေအထားဖြင့် အမှတ်ပေးဇယား အဆင့် ( ၂ ) နေရာမှာ ရပ်တည်နေတယ်။ ဇယားထိပ်က လက်စတာ စီးတီးအသင်းက လီဗာပူးအသင်းနဲ့ ပွဲကျပ်ရင်တိုင်ရမှာဖြစ်လို့ စပါးအသင်းအနေနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရဖို့ ယခုပွဲစဉ်ကို အကောင်းဆုံး ပြင်ဆင်ကစားလာနိုင်တယ်။ 



စပါးအသင်းက နွေရာသီအပြောင်းအရွေ့ကာလမှာ တိုက်စစ်အင်အားဖြည့်တဲ့ အနေနဲ့ အသင်းကစားသမားဟောင်း ဂါရတ်ဘေးကို ပြန်လည်ခေါ်ယူခဲ့တယ်။ ဟယ်ရီကိန်း ၊ ဆွမ်ဟောင်မင် ၊ ဂါရတ်ဘေးတို့ တိုက်စစ်က ဒီရာသီမှာ ခြေစွမ်းပြ ကစားနေပြီး ( ၈ ) ပွဲ ကစားထားရာမှာ ( ၁၉ ) ဂိုးထိ သွင်းယူထားနိုင်တယ်။ ဆွမ်ဟောင်မင်က ( ၈ ) ဂိုးသွင်းယူထားပြီး ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမာဆု ရခဲ့တ

်ယ်။ ကိန်းက( ၇ ) ဂိုးသွင်းယူထားသလို ဂါရတ်ဘေးကလည်း ဂိုးတွေ စတင်သွင်းနေပြီဖို့ စပါးတိုက်စစ်က အားရစရာလို့ ဆိုရမှာ ဖြစ်တယ်။ 


နောက်ပိုင်းပွဲစဉ်တွေမှာ  ဆစ်ဆိုကို နှင့် အသစ်ခေါ်ယူထားတဲ့ Pierre-Emile Højbjerg တို့အတွဲကို ကွင်းလယ်မှာ အသုံးပြုလေ့ရှိတယ်။ ခံစစ်မှာတော့ centre back နေရာမှာ Eric Dier နှင့် Toby Alderweireld တို့ကို အသုံးပြုလေ့ရှိတယ်။ စပါးအသင်းက ယခုရာသီမှာ သွင်းဂိုး ( ၉ ) ဂိုးသာ ခွင့်ပြုရသေးတဲ့အတွက် ပရီးမီယားလိဂ်ရဲ့ goal conceded အနည်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တယ်။


နည်းပြ မော်ရင်ဟိုအနေနဲ့ 4-2-3-1 ပုံစံနဲ့ ပွဲထွက်လေ့ရှိပေမယ့် possession ကစားချိန်မှာတော့ 3-5-2 ( ဒါမှမဟုတ် ) 3-4-3 ပုံစံ ပြောင်းလဲ ကစားလေ့ရှိတယ်။ 4-2-3-1 ပုံစံ ကစားတဲ့အခါ ဟယ်ရီကိန်းက အထောင်တိုက်စစ်မှူး နေရာ ကစားတယ်။   3-5-2 မှာတော့  dropping လုပ်ပြီး play maker တစ်ဦး အနေနဲ့ ကစားလေ့ရှိတာ တွေ့ရပြီး ဆွမ် နှင့် ဘေးတို့ကို တစ်ဖက်အသင်းနောက်ခံလူတွေနောက် breaking runs တွေ ပြုလုပ်စေတယ်။ မော်ရင်ဟို အနေနဲ့ ဒီရာသီမှာ နည်းစနစ်ပြောင်းလဲကာ ကိန်းကို drop လုပ်စေပြီး ဆွမ် နှင့် ဘေးတို့ထံ longer passes တွေပေးပို့ပြီး counter attacking ပိုလုပ်လာတာ တွေ့ရတယ်။ ဟယ်ရီးကိန်းက ဒီရာသီ စပါးအသင်းရဲ့ အဓိက အကျဆုံးကစားသမားလို ဖြစ်နေပြီး ပရီးမီးယားလိဂ် ( ၈ ) ပွဲ မှာ ( ၇) ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ( ၈ ) ကြိမ် ပြုလုပ်ထားတယ်။


ဒါပေမယ့် စပါးအသင်းရဲ့ ယခုရာသီ အိမ်ကွင်းပွဲစဉ် ရလာဒ်တွေကကျေနပ်စရာတော့ မဟုတ်ပါဘူး။ ( ၄ ) ပွဲမှာ ၁ ပွဲ နိုင်၊  ( ၂ ) ပွဲ သရေ ၊ ( ၁ ) ပွဲ ရှုံး ရလာဒ်ပိုင်ဆိုင်ထားပြီ  ပေးဂိုး ( ၆ ) ဂိုး ခွင့်ပြုထားရတယ်။ ယခုရာသီ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွေရဲ့ ၇၅ ရာခိုင်နှုန်းမှာ သွင်းဂိုးတွေ ရယူနိုင်ပေမယ့် ပွဲစဉ်တိုင်းမှာ ဂိုးပေးထားရတယ်။ 


#မန်စီးတီးအခြေအနေ


ဂွာဒီယိုလာရဲ့ မန်စီးတဲ့အသင်းက ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရတယ်။ ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ( ၇ ) ပွဲ ကစားထားရာ ( ၃ ) ပွဲ နိုင် ၊ (၃ ) ပွဲ သရေ ၊ ( ၁ ) ပွဲ ရှုံး ရမှတ် ( ၁၂ ) မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ( ၁၀ ) နေရာမှာ ရပ်တည်နေတယ်။ 


မန်စီးတီးအသင်းက ရာသီအစ ပွဲစဉ်တွေမှာ ဂါဘရီရယ် ဂျီဆပ် ၊ အဂွဲရိုးတို့ မပါဝင်နိုင်တာကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရတယ်။ ( ၇ ) ပွဲမှာ ( ၁၀ ) ဂိုးသာ သွင်းယူထားနိုင်ပြီး ပရီးမီးယားလိဂ် အသင်းကြီးတွေထဲမှာ ရဂိုးအနည်းဆုံး ဖြစ်နေတယ်။ သွင်းဂိုးအများဆုံး ကစားသမားတွေဖြစ်တဲ့ ဂျီးဆပ် ၊စတာလင် ၊ ဖိုးဒင်တို့က ( ၂ ) ဂိုးစီသာ သွင်းယူထားနိုင်တယ်။ ဂိုးကန်သွင်းခွင့်တွေကို အဆုံးမသတ်နိုင်တာက ယခုရာသီ မန်စီးတီးအသင်းရဲ့ အဓိက အားနည်းချက်လိုဖြစ်နေတယ်။ ဒါပေမယ့် ယခုရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်အားလုံးမှာတော့ သွင်းဂိုးတွေ ရရှိထားတာ တွေ့ရတယ်။ 



နည်းပြ ဂွာဒီယိုလာက ပွဲထွက်ကစားသမား စာရင်းကို rotate လုပ်လေ့ရှိတယ်။ ပြီးခဲ့တဲ့ ရာသီတွေမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးဗားက ယခုရာသီမှာ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေတာ တွေ့ရတယ်။ ကွင်းလယ်ခံစစ် နေရာမှာတော့ ရိုဒရီ ကို အဓိကထား ကစားလေ့ရှိတယ်။


ပြီးခဲ့တဲ့ ရာသီမှာ ဒဏ်ရာ ပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရတဲ့ ခံစစ်က ယခုရာသီ ( ၇ ) ပွဲ ကစားပြီးချိန်မှာ ( ၉ ) ဂိုးသာ ပေးထားရတာကြောင့် လက်ရှိရာသီပေးဂိုးအနည်းဆုံး  ပရီးမီးယားလိဂ် အသင်းတွေထဲက တစ်သင်းအဖြစ်ရပ်တည်နေတယ်။ အဝေးကွင်းပွဲစဉ် ( ၄ ) ပွဲမှာ clean sheet ( ၂ ) ပွဲ ရထားတယ်။ ယခုရာသီ မန်စီးတီးခံစစ်က  တစ်ဖက်အသင်းရဲ့ set pieces တွေကို အကောင်းဆုံး တားဆီးထားနိုင်တာ တွေ့ရတယ်။ မန်စီးတီးနောက်ခံလူ နေသန်အကီက လက်ရွေးအသင်းနဲ့ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ယခုပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ပေမယ့် ရူဘင်ဒီးရပ်စ် ၊ လာပေါ်တာ တို့လို ကစားသမားကောင်းတွေ ရှိနေသေးတဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူး။ 


============


မော်ရင်ဟိုရဲ့ စပါးအသင်းဟာ ဇယားထိပ်က လက်စတာ နှင့် လီဗာပူးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေမှုကို အကောင်းဆုံးအသုံးချနိုင်ဖို့ ကြိုးစားလာမှာဖြစ်တယ်။ 

တစ်ဖက်မှာလည်း ( ၉ ) ပွဲဆက် ရှုံးပွဲမရှိရလာဒ်ကို ပိုင်ဆိုင်ထားတဲ့ ဂွာဒီယိုလာရဲ့ အသင်းကလည်းအမှတ်ပေးဇယားထိပ်ကို တက်လှမ်းနိုင်ဖို့ အကောင်းဆုံး ပြင်ဆင်လာမှာ ဖြစ်တယ်။ ဟယ်ရီကိန်း ၊ ဆွမ်ယောင်မင်တို့ ဂိုးမြူးနေသလို ဂါဘရီရယ်ဂျီဆပ်ပြန်လည် ပါဝင်လာမှုနဲ့အတူ  စပါးအသင်းက အိမ်ကွင်းပွဲစဉ်အားလုံး ဂိုးပေးထားရပြီး မန်စီးတီးအသင်းက အဝေးကွင်းပွဲစဉ်အားလုံး ဂိုးသွင်းယူထားနိုင်တာကြောင့်  အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ရှိတယ်။ 


ခန့်မှန်းဂိုးရလာဒ် ၊ စပါး ၂ - ၂ မန်စီးတီး 


===========


နောက်ဆုံး ( ၅ ) ပွဲ ရလာဒ်


#စပါး 

West Bromwich Albion (0 - 1)Tottenham Hotspur

Ludogorets (1 - 3) Tottenham Hotspur

Tottenham Hotspur (2 - 1) Brighton & Hove Albion

Royal Antwerp FC (1 - 0) Tottenham Hotspur

Burnley (0 - 1) Tottenham Hotspur


#မန်စီးတီး


M lanchester City (1 - 1) Liverpool

Manchester City (3 - 0) Olympiakos Piraeus

Sheffield United (0 - 1) Manchester City

Olympique Marseille (0 - 3) Manchester City 

West Ham United (1 - 1) Manchester City


#နောက်ဆုံး(၅)ကြိမ်ထိပ်တိုက်တွေ့ဆုံမှု 


Aug 17, 2019

Manchester City (2-2)Tottenham Hotspur


Apr 20, 2019

Manchester City (1-0)Tottenham Hotspur


Apr 17, 2019

Manchester City (4-3)Tottenham Hotspur


Apr 9, 2019

Tottenham Hotspur (1-0)Manchester City


Oct 29, 2018

Tottenham Hotspur (1-0) Manchester City


==========

လွဲချော်ဖွယ်ရှိသည့် ကစားသမားများ


#စပါး

-လာမယ်လာ

-Nဒွမ်ဘီလီ

-တန်ဂန်ဂါ


#မန်စီးတီး

-မန်ဒီ

-နေသန်အကီ

-အဂွဲရိုး

-ဖာနန်ဒင်ဟို

 

RIO Sports Original Content 

Comments

Popular posts from this blog

ပိုပြီးအရေးကြီးတာတွေကို လုပ်ရပါအုံးမယ် - ဒရော့ဘာ

လွမ်းမိပါရဲ့ မော်ရင်ညို ဝင်းဂါး ဖာဂူဆန် စကားလုံးတိုက်ပွဲများ