လွမ်းမိပါရဲ့ မော်ရင်ညို ဝင်းဂါး ဖာဂူဆန် စကားလုံးတိုက်ပွဲများ

 








လူငယ်လေးတစ်ယောက်ဟာ မုန့်ဖိုးတွေကို စု ၊ ဂျာနယ်ဆိုင်ကိုသွား ၊ သတင်းတွေအားလုံးကို အခေါက်ခေါက်အခါခါ ဖတ်ပြီးရင်

ဘာလုပ်လိုက်မယ်ထင်ပါသလဲ ။ အဖော်အချွတ်ပုံတွေကို တိတ်တိတ်လေးသိမ်းထားလိုက်ပြီးတော့ ။

ဂျာနယ်တစ်စောင်မှာ တစ်ချပ်သာပါတတ်တဲ့ ဘောလုံးသမားပုံတွေကိုတော့ ခမ်းခမ်းနားနား နံရံတွေပေါ်မှာ ကပ်ထားလိုက်ကြမယ် ။

ဒါက ကျနော်တို့ ကစားကောင်းဆင်းချိန်နဲ့ ချိန်းပွဲတွေမှာ ဘောလုံးကို ချစ်မြတ်စွာကစားဖို့ ပိုပြီး တွန်းအားဖြစ်စေသလားပဲ ။

အဲဒီအချိန် ငယ်ငယ်တုန်းက ဂျာနယ်စာမျက်နှာတွေပေါ်မှာ မော်ရင်ညိုရဲ့ ထီမထင်သလို မျက်နှာပေး ။ စကားလုံးအထေ့အငေါ့တွေ။

ချစ်ခင်သူတွေအဖို့ ဒါကို ပဲ အစွဲကြီးစွဲခဲ့ရသလို အမြ‌င်ကပ်သူတွေအဖို့ရာမှာလည်း ဒါကိုပဲ ‌မျက်စိစပါးမွှေးတွေစူးခဲ့ကြပေါ့ ။

အဲဒီ မျက်စိစပါးမွှေးစူးသူတွေထဲမှာ သက်တော်ရှည်နည်းပြကြီး ၂ ယောက်လည်းပါဝင်နေခဲ့မလား ၊ မပြောတတ်ပါ။

အင်တာ နဲ့ ပေါ်တို နှစ်သင်းလုံးနဲ့ ချန်ပီယံလိဒ် ရတော့ ဘယ်အသင်းနဲ့ဖလားရတာကို အပျော်ဆုံးလည်းဆိုတော့ ပေါ်တိုနဲ့ဖလားရတာကို

အပျော်ဆုံးပါ ။ ဘာဖြစ်လို့လည်းဆိုတော့ ပေါ်တို နဲ့ တုန်းက ပေါ်တူဂီကစားသမား ၁၀ ယောက်နဲ့လေလို့ ဆိုခဲ့သူ ။

ပေါ်တိုနဲ့အောင်ပွဲခံပြီး ဆာအဲလက်နဲ့ အာဆင်ဗင်းန်ဂါးတို့ရဲ့ Battle ထဲကို မော်ရင်ညိုဝင်ရောက်လာခဲ့တယ်။ ၂၀၀၄-၂၀၀၅ ခုနှစ်များ ။

" ကျနော်ဟာ ဥရောပချန်ပီယံတစ်ယောက်ပါ ။ ကျနော်ကိုယ့်ကျနော် စပယ်ရှယ်ဝမ်းလို့ထင်တယ် ။ "

ခင်ဗျားမှာ တောင့်တင်းတဲ့စစ်တပ်ကြီးရှိနေရင်ဘာလုပ်မလဲ ။ ရန်သူတွေကို ချေမှုန်းမယ် ။ ပြိုင်ဘက်တွေကို အလဲထိုးမယ် ။

အဲ့ဒီတုန်းက Battle ကြည့်လို့ကောင်းတဲ့အချက်က ကိုယ်စီတောင့်တင်းတဲ့ လူစာရင်းတွေရှိကြခြင်းဖြစ်တယ် ။

မော်ရင်ညိုရဲ့နောက်မှာ ရိုမန်အေဗရာမိုဗစ်တစ်ယောက်လုံးအပြင် ၊ ဒီဒီယာ ၊ ရော်ဘင် ၊ လမ်းပတ် ၊

ပီတာချက် စတဲ့ ဂန္တဝင်အစုအဖွဲ့ရှိနေခဲ့မယ် ။ အာဆင်းမှာလည်း ဥရောပရဲ့ ကစားဟန်အလှပဆုံးအသင်းကို

ပိုင်ဆိုင်ထားချိန်ဖြစ်ပြီး Invincibles Season ရဲ့နောက်ရာသီ ဆိုးကမ်းဘဲလ်၊ ကိုး၊ ကလစ်ချီ၊ ဗီအဲရာ၊ဘားကမ့်၊

ဟင်နရီတို့ရှိကြသေးတယ် ။ ဖာဂူဆန်မှာလည် နဗီးလ်းညီနောင်၊ ကိန်း၊ ရူနီ၊ ရော်နယ်လ်ဒိုတို့ရှိကြတဲ့ အချိန်တွေ ။

အပြင်းထန်ဆုံးသော ပြိုင်ဆိုင်မှုတွေကို စတင်ဖို့ ပြိုင်ဘက်တွေက တစ်ယောက်နဲ့တစ်ယောက် အင်အား ညီမျှနေတယ် ။

Battle of Buffets - ကျွဲနှစ်ကောင်ခတ်တဲ့ပွဲ

ဖာဂူဆန် Vs ဝင်းဂါး သက်တော်ရှည်ဂုရုနှစ်ယောက်ရဲ့ Battle

ဒီအကြောင်းကိုပြောရရင်တော့ ရုဒ်ဗန်နစ္စရွိုင်းက စရမှာပါ ။ ရုဒ်က ဂိုးသွင်းကောင်းသူတစ်ယောက်ဖြစ်ပေမယ့်

သူကြောင့်ပြိုင်ဘက်တွေ မကြာခနထုတ်ခံရတာ ၊ ပင်နယ်သီပေးရတာတွေများတာကြောင့် လူလိမ်လို့လည်း လူချစ်လူခင်ပေါပါတယ် ။

အသင်းအတွက်အချစ်တော် တစ်ဖက်မှာ ဗီလိန် ပုံစံမျိုးပေါ့ ။ ဒီပုံစံက အာဆင်နယ် မန်ယူပွဲတွေမှာ လည်း ဆက်ခဲ့ပါတယ် ။

အထင်ရှားဆုံးကတော့ အာဆင်နယ်ရဲ့ မှတ်တမ်းကို ချိုးဖျက်လို့ မရခဲ့တဲ့ပွဲနဲ့ ချိုးဖျက်နိုင်ခဲ့တဲ့ပွဲနှစ်ပွဲဖြစ်ပါတယ် ။

ပထမပွဲ - နစ္စရွိုင်းက ဗီအဲရာကို အရင် ခုန်ထောင်းပြီး ဗီအဲရာလဲကျသွားပါတယ် ။

ဗလိုင်းကြီး ကစ်ခံလိုက်ရတာဖြစ်လို့ ခြေထောက်ကို ဆန့်ပြီးရမ်းလိုက်ပါတယ် ။

ဒါကို နစ္စရွိုင်းက ဒိုင်ကို စောဒကတက်ခဲ့လို့ ဗီအဲရာအထုတ်ခံခဲ့ရပါတယ် ။

ရုန်းရင်းဆန်ခတ်တွေဖြစ်ကြပြီး ပွဲချိန်နှောင်းပိုင်းမှာ တော့ ရွိုင်းနဲ့မာတီကင်အွန်တို့ ဘောလုံးယှဉ်လုရင်း

အာဆင်နယ်တို့ ပင်နယ်သီထပ်ပေးခံလိုက်ရပြန်ပါတယ် ။ အဲ့ဒီပင်နယ်သီကို ရုဒ်လွဲခဲ့ပြီး အာဆင်နယ်ကစားသမားတွေ

၀ိုင်းလှောင်ကြတာတွေကို မှတ်မိကြမှာပါ ။ ဒီပုံရိပ်တွေဟာနောင်ဘောလုံးပွဲကြည့်တဲ့အခါတိုင်း ပြိုင်ဆိုင်မှုပြင်းထန်မှုကို

ဖော်ညွှန်းလိုတဲ့အခါ ပြန်ကြည့်နေရတဲ့ ပြကွက်တွေဖြစ်လာခဲ့ပါတယ် ။

ဒုတိယပွဲ - အာဆင်းရဲ့ လှပတဲ့ ၄၉ပွဲဆက်မှတ်တမ်း ကျိုးပျက် - မော်ရင်ညို - ပထမရာသီ

ဝိန်းရုနီရဲ့ ဒိုင်ဗင်၊ ဖာဒီနန်ရဲ့ ဖောင်းဘောနဲ့ ပြစ်ဒဏ်ဘောတွေများစွာကျူးလွန်ခဲ့ကြတဲ့ မန်ယူကစားသမားတွေဟာ

အဝါကဒ်မပြခံရ ၊အာဆင်နယ်ဘက်က ပြစ်ဒဏ်ဘောတွေမရပဲ အကျည်းတန်စွာ ပွဲပြီးသွားခဲ့တယ် ။

အဲ့ပွဲမှာ မန်ယူက ရုဒ်ဗန်နစ္စရွိုင်းရဲ့ အငြင်းပွားဖွယ်ရာ ပင်နယ်သီ ၊ ဝိန်းရဲ့ နောက်ကျဂိုးတို့ဖြင့်အနိုင်ရခဲ့တယ်။

ရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့ပြီး ဖာဂူဆန်လည်း ပီဇာနဲ့ပစ်ပေါက်ခံခဲ့ရပါတယ် ။

( နောက်ပိုင်းတွင် ပစ်ပေါက်ခဲ့သည်ဟု ဖာဘရီဂတ်စ်က ဝန်ခံခဲ့ ) ။

ပွဲတွင်းဆုံးဖြတ်ချက်တွေက အာဆင်နယ်အတွက် စိတ်ပျက်စရာဖြစ်နေခဲ့ပြီးတော့

ကိုးလ်ကို ပြစ်ဒဏ်ကျူးလွန်တဲ့ ရုဒ်ဗန်နစ္စရွိုင်းကိုလည်း ပွဲအပြီးမှပဲ သုံးပွဲပယ်ခဲ့ရပါတယ် ။

အာဆင်ဝင်းဂါး : ယူနိုက်တက်ဆီက ဒါမျိုးတွေ ကျနော်တို့မျှော်လင့်ထားပြီးသားပါ ။

ဒါက သူတို့အမြဲလုပ်နေကြဖြစ်ပြီး ကျနော်တို့နဲ့တွေ့လို့ ကစားရခက်နေရင် ထုတ်သုံးနေကြအကွက်တွေပါ။

ရုဒ်ဗန်နစ္စရွိုင်းအကြောင်းလည်း ကျနော်တို့ကောင်းကောင်းကြီးသိပါတယ် ။

ဖာဂူဆန် : ဒါက အရေးပါတဲ့နိုင်ပွဲပါ။ မီဒီယာတွေ ဒါကို ပုံကြီးချဲ့ပြောနေကြမှာဖြစ်ပေမယ့် အနိူင်ရလဒ်က အရေးကြီးပါတယ် ။

(ချဲလ်ဆီးတို့ပထမရာသီ ခြေစွာနေချိန်မို့ အနိုင်ရရန်လိုအပ်ခြင်းကို သွယ်ဝိုက်ရည်ညွှန်း)

အောက်တိုဘာ ၂၆ - ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာဆင်းကို ပီဇာအကြောင်းမေးတော့

ဖာဂူဆန်မှာဖြစ်တဲ့ကိစ္စကို သူမသိနိုင်တဲ့အကြောင်း၊ သိချင်ရင် ခံရတဲ့ ဖာဂူဆန်ကို သွားမေးဖို့ ပြောခဲ့ပါတယ် ။

ဖာဂူဆန် : ဝင်းဂါးမှာ ရုဒ်ဗန်နစ္စရွိုင်းနဲ့ပတ်သတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေတယ်ထင်ပါတယ် ။

သူပြောလိုက်ရင် ရုဒ်ကိုချည်းပါပဲ ။ ရုဒ်က သူရသင့်တဲ့ပြစ်ဒဏ်ကို ခံယူနေပါပြီ။

ဒီ Battle ကို Battle of Buffets လို့တင်စားကြပါတယ် ။ အဲဒီနောက်မှာ ကျွဲနှစ်ကောင်ကြား နောက်ထပ်ကျွဲတစ်ကောင်ဝင်လာပါတယ် ။



ဖာဂူဆန် Vs မော်ရင်ဟို

၂၀၀၄ ခုနှစ်မှာပဲ သူတို့နှစ်ဦးရဲ့ Battle စပါတယ် ။ မန်ယူနဲ့ ရှုံးထွက်အဆင့်မှာတွေ့ပြီး ပေါ်တိုက ၂-၁ နဲ့ ပကျော့မှာ နိုင်ထားခဲ့တယ် ။

ဒုကျော့မှာတော့ ၁-၀ နဲ့ ဦးဆောင်ခြင်းခံထားရကာ အဝေးဂိုးစည်းမျဉ်းအရ ထွက်ရတော့ဖို့မိနစ်ပိုင်းသာလိုတော့တယ်။

ကော့စ္စတင်ဟာ နောက်ဆုံးမိနစ် ချေပဂိုးကို သွင်းလိုက်ချိန်မှာတော့ ကွင်းဘေးစည်းကနေ ပြင်းထန်စွာ ပြေးလွှားအောင်ပွဲခံခဲ့ပါတယ် ။

ဒါကို ဖာဂူဆန်က လေးစားမှုမရှိတဲ့ လုပ်ရပ်လို့ယူဆတာကြောင့် လက်ဆွဲနူတ်ဆက်တာမျိုး မလုပ်ခဲ့ပါဘူး ။

မော်ရင်ညို : သူခံစားနေရတာကို နားလည်ပါတယ် ။ သူ့ဆီမှာ ကမ္ဘာအကောင်းဆုံး ကစားသမားတွေရှိနေလို့

ဒီထက်ပိုကောင်းအောင်လုပ်နိုင်ခဲ့သင့်တယ်လေ ။ ဘယ်သူမဆို ကိုယ့်အသင်းထက် ငွေကြေးဆယ်ဆလောက်

လျော့သုံးပြီးတည်ဆောက်ထားတဲ့ ပြိုင်ဘက်အသင်းက ပွဲကို လွှမ်းမိုးကစားသွားရင် ဝမ်းနည်းနေမိမှာပါ ။

နောက်လအနည်းငယ်အကြာမှာတော့ မော်ရင်ညိုချဲလ်ဆီးထံရောက်လာခဲ့ပြီး လူဝယ်ကြမ်းနေခဲ့ပါတယ် ။

ဖာဂူဆန် : အောင်မြင်မှုကို ငွေကြေးနဲ့ ဝယ်လို့ မရနိုင်ပါဘူး

မော်ရင်ညို : သူပြောတာကို လက်ခံပါတယ် ။ အောင်မြင်မှုတွေ အနိုင်သုံးမှတ်တွေကို ငွေကြေးနဲ့ဝယ်လို့မရပါဘူး ။

လွန်ခဲ့တဲ့ လအနည်းငယ်လောက်က သူတို့ဘတ်ဂျက်ရဲ့ ဆယ်ဆ တစ်ဆလောက်ပဲ သုံးထားတဲ့ အသင်းငယ်လေးပေါ်တိုက

သူတို့ကို နိုင်ခဲ့တယ်လေ ။

၂၀၀၆ -

ချဲလ်ဆီးရဲ့ အဆုံးအဖြတ်ပွဲ မန်ယူနဲ့ကန်ရပြီး ပွဲပြီးချိန်မှာ ဖာဂီက လက်ဆွဲဂုဏ်မပြုပဲ အခန်းထဲဝင်သွားတာကို

မော်ရင်ညို က တင်းခဲ့ပါတယ် ။ ( နောက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲမှ တစ်ဆင့် ဖာဂူဆန်က

ချဲလ်ဆီးက အမှတ်ပေးဖလားနဲ့ထိုက်တန်ကြောင်း ပြောကြားခဲ့ ။ )

၂၀၀၇ - မော်ရင်ညိုကို အပြစ်ပေးပါ - ပင်နယ်သီပြဿနာ

FA နဲ့ ပရီးမီးယားလိဒ်တို့ဟာ မော်ရင်ညို ဒိုင်တွေကို ပြန်အော်နေတာတွေကို ပြစ်ဒဏ်ချမှတ်ပါမယ် ။

ဒါမျိုးတွေကို ခွင့်ပြုနေမယ်ဆိုရင် ပိုဆိုးလာမှာပါ။ သူ အရင်တုန်းက ဘာစီလိုနာကို တိုက်ခိုက်ခဲ့တယ် ။

ဆွိဒစ်ဒိုင်လူကြီး အန်ဒရေ ဖရစ်ကို တိုက်ခိုက်ပြောဆိုခဲ့တယ် ။ ဂျာမန်ဒိုင်လူကြီးကိုလည်း ပြောဆိုခဲ့တယ် ။

လီပါဗူးလ်လို အသင်းမျိုးကိုလည်းတိုက်ခိုက်ခဲ့ပြီး ဒီဒီယာဒရော့ဘာကို လည်း မကောင်းတဲ့ အကျင့်တွေသင်ပေးခဲ့ပါတယ် ။

မကြာခနမဟုတ်ပဲ အချိန်တိုင်းဒီလိုလုပ်နေတာ ကြာတော့စိတ်ပျက်စရာကောင်းလာပါပြီ။

အဲဒီနောက်ထိပ်တိုက်တွေ့ဆုံမှုမှာ ရော်နယ်ဒိုပင်နယ်သီဧရိယာထဲ ဟန်ဆောင်လှဲချတယ်လို့ မော်ရင်ညိုက စွပ်စွဲခဲ့တယ် ။

ဖာဂူဆန်ကတော့ လူတိုင်းမှာ ကိုယ်စီအမြင်တွေရှိကြပြီး အဲဒီအမြင်အတိုင်းလုပ်ဆောင်မှာဖြစ်လို့

လူလိမ်လို့စွပ်စွဲလို့မရဘူးလို့ ပြန်တုန့်ပြန်ခဲ့တယ် ။

မေ 9 - ဖာဂူဆန်ရဲ့ အသင်းနဲ့‌တွေ့ရင် ကိုယ်ကပဲပင်နယ်သီပေးရပြီး ရမှာတော့မဟုတ်ဘူးဆိုပြီး

Old Trafford မှာ ပင်နယ်သီ သုံးကြိမ်ရထားတာနဲ့ Stamford Bridge မှာသူတို့ ပင်နယ်သီတစ်လုံးမှ

မရသေးတာကို ထောက်ပြခဲ့တယ် ။ မော်ရင်ညိုရဲ့ မှတ်ချက်က အဲဗာတန်နဲ့ပွဲကို ကိုင်တွယ်မယ့်

ဝက်စ်ဘရွန်းနဲ့ပွဲမှာ ယူနိုက်တက်ကို ပင်နယ်သီပေးထားခဲ့တဲ့ အလန်ဝစ္စလေကို ကြီးမားတဲ့ ဖိအားသက်ရောက်စေခဲ့ပါတယ် ။

ကျနော်တို့ ဒီပွဲမှာ ပင်နယ်သီရရင် သူလည်းနောက်လေးပွဲလောက်ဆိုရနိုင်ပါတယ် ။

ပင်နယ်သီနဲ့ပတ်သတ်ပြီး ကျနော်တို့အားလုံး ကိုယ့်အတွက် ကောင်းတဲ့ဆုံးဖြတ်ချက်တွေကော ဆိုးတာတွေကော လက်ခံကြရပါတယ် ။

ဒါနဲ့ပတ်သတ်ပြီး ဘယ်သူမှ မလွတ်မြောက်နိုင်ပါဘူး ။

တကယ်လို့ ဂျို့စ်က ဒိုင်ကို ပင်နယ်သီမပေးမိအောင်လုပ်ဆောင်တဲ့ Mind Game မျိုးကစားတာဆိုရင်တော့ သူ အနိုင်ရပါတယ်။

ဒါပေမယ့် ဒီလိုပြောတာ ဒိုင်တွေအတွက် တရားမျှတမှုမရှိပါဘူး ။

ချဲလ်ဆီးတို့ ယူရိုပါလိဒ်ကစားထားလို့ ပွဲပန်းနေတဲ့ စပါးကို ၄၈ နာရီအကြာမှာ ကစားခွင့်ရတာကကော ။

မန်ယူက အေစီနဲ့ ပွဲရှိနေလို့ မန်ချက်စတာဒါဘီပွဲကိုရွေ့ပေးဖို့ တောင်းဆိုတာ မအောင်မြင်တာကကော ။

တရားတယ်လို့ ထင်ပါရဲ့လား။ ကျနော်တို့က ဒါကို လက်ခံပြီး လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ရမှာပါ ။

ဒီ Battle နဲ့တပြိုင်တည်းမှာပဲ နောက်ထပ် Battle တစ်ခုလည်းထပ်ဖြစ်နေခဲ့ပါတယ် ။

Battle of Tom And Jerry -

ဘတ်စ်ကားကွက် vs သူများလိင်မှုကိစ္စကိုချောင်းကြည့်သာယာတတ်တဲ့သူ (အောက်တိုဘာ ၂၀၀၅ )

" ချဲလ်ဆီးက ဘယ်တော့မှ ဖွင့်ကစားပါဘူး ။ သူတို့မှာ နောက်တန်းလေးယောက် အပြင် မက်ခီလီလီနဲ့ပါထပ်ပိတ်ပါတယ်။

ကျနော်က ဘောလုံးအားကစားကို မြတ်နိူးပါတယ် ။ အာကစားလောကမှာ ဒီလို ပိတ်ဆော့နေတဲ့ အသင်းရှိနေရင် အန္တရာယ်ရှိပါတယ် ။ "

ချဲလ်ဆီးကို ၁-၀ နဲ့ ရှုံးနိမ့်တဲ့ပွဲအပြီးမှာ အာဆင်းက မီးပွားကို စခဲ့ပါတယ် ။

ဒါက နောင်ဘတ်စ်ကားကွက်လို့ တစ်သက်လုံးနာမည်တွင်သွားစေမယ့် ဖြစ်ရပ်တွေရဲ့ အစပါ ။

တစ်သက်လုံးတွင်မယ့်နာမည်ကိုဖျက်တာမို့ အတော်လေးအထိနာတယ်လို့ ဆိုနိုင်ပါတယ် ။

ဝင်းဂါး ဆိုတဲ့ သူမှာ ကျနော်တို့အသင်းနဲ့ပတ်သတ်ပြီး ပြဿနာရှိနေပုံရပါတယ် ။ သူက Voyeur လိုမျိုးပါပဲ ။

( သူများလိင်မှုကိစ္စလုပ်တာကို ချောင်းကြည့်ပြီးသာယာနေသူ) ။ သူများအကြောင်း လိုက်လိုက်ပြောရတာကို

အတော်ကြိုက်တယ်နဲ့တူပါတယ် ။ သိတယ်မလား။ သူများအိမ်ကို မှန်ဘီလူးနဲ့ ချောင်းကြည့်တာ မျိုးလေ။

ဝင်းဂါး က အဲ့ဒီလိုလူမျိုးဖြစ်မယ် ။ တကယ့်ကို ရွံစရာကောင်းလှပါတယ် ။

ဝင်းဂါး : လုံး၀ လေးစားမှုမရှိတဲ့စကားပါ ။ အသိညဏ်နည်းတဲ့သူတွေ အောင်မြင်တဲ့အခါ ပိုပြီးမိုက်မဲလာတာမျိုးပါပဲ ။

( ရှေ့နေ့တွေနဲ့တိုင်ပင်ပြီးကို မော်ရင်ဟိုကို အရေးယူဖို့ပြင်ခဲ့ပါသေးတယ် : 3)

မော်ရင်ဟို : တစ်နှစ်အတွင်း မစ္စတာဝင်းဂါး ချဲလ်ဆီးနဲ့ပတ်သတ်ပြီးပေးခဲ့တဲ့ မှတ်ချက်တွေကိုစုထားမယ်ဆိုရင်

ငါးမျက်နှာမဟုတ်ဘူး၊ စာမျက်နှာပေါင်း ၁၂၀ ကျော်နေလောက်ပါပြီ။ သူက ချဲလ်ဆီးအကြောင်း

ထူးထူးဆန်းဆန်းတွေ တကယ်ပြောနိုင်တဲ့လူပဲ ။ ဒီအတွက် ကျနော်တို့မှာ ခိုင်မာတဲ့ အဖြေရှိပါတယ် ။

ဒါမျိုးပြောနေတာကို ရပ်လိုက်ပါ ။ မရပ်ဘူးဆိုရင်တော့ ဆက်ပြီး တိုက်ခိုက်ကြတာပေါ့ ။

၂၀၀၇ - မော်ရင်ညို ငွေသုံးအောင်မြင်တာကိုဝေဖန်ခဲ့၊ ပေါ်တိုနဲ့ဖလားရခဲ့ကြောင်းဖြင့်ပြန်ချေပ

- ချန်ပီယံလိဒ်ရတဲ့မန်နေဂျာတိုင်းကိုကြီးကျယ်တဲ့မန်ဂျာတွေလို့သတ်မှတ်လို့မရပါဘူး ။

တစ်ယောက်ချင်းစီတိုင်းကို အချိန်ငါးနှစ်နဲ့ ထောက်ပံ့မှုအညီအမျှလုပ်ပေးလိုက်ပါ ။

ဒါဆို ငါးနှစ်ကြာရင် ဘယ်သူက အများဆုံးရခဲ့တာလည်းဆိုတာကို တွေ့ရမှာပါ ။

( Underdog အသင်းပေါ်တိုနဲ့တောင် သူကရခဲ့တော့ ဒီစကားက တာသွားခဲ့)

ဧပြီ - ၂၀၀၈

၂၀၀၈ မှာ မော်ရင်ညို ချဲလ်ဆီးက ထွက်ခွာတော့ ဝင်းဂါးကို ဘလိုင်းကြီးကြိတ်ပါတယ် ။

အင်္ဂလိပ်တွေက အချက်အလက်တွေကို အရမ်းသဘောကျတယ်နဲ့တူပါတယ် ။

သူတို့ . . . ဝင်းဂါးဟာ ကန်နေတဲ့ပွဲတွေရဲ့ 50 % လောက်ကိုပဲနိုင်နေတာကို သိကောသိပါရဲ့လား ။

၂၀၁၄ - မော်ရင်ဟို တစ်ကျော့ပြန်လာချိန် - ချဲလ်ဆီးတို့ မန်ယူထံ မာတာကို ရောင်းချခဲ့

ဝင်းဂါး : ဒါက မတရားပါဘူး။သူတို့ဟာ မန်ယူနဲ့ နှစ်ကျော့လုံးကန်ပြီးပါပြီ ။ ရောင်းမယ်ဆို ရာသီအစကတည်းကရောင်းချသင့်ပါတယ် ။

အခုက ကျန်တဲ့အသင်းတွေဒုက္ခရောက်အောင် တမင်လုပ်တာဖြစ်ပြီး တရားမျှတမှုသာရှိတယ်ဆိုရင် ဒါမျိုးက လုံး၀မဖြစ်သင့်ပါဘူး ။

ဝင်းဂါးက အမြဲ အဲဒီလိုပြောနေမှာပါ ။ အဲဒီလိုမှ မလုပ်ရင်သူမဟုတ်တော့ဘူးလေ ။

တကယ်ဆို ချဲလ်ဆီးကကစားသမားကောင်းတယောက်ဆုံးရှုံးသွားတာကို ဝမ်းသာရမှာပါ ။

ဒါပေမယ့်သူ့အတွက်တော့ မတူပါဘူး။ သူပြောပြောနေတဲ့ မတရားဘူးဆိုတာမျိုးက

သူ့အသင်းက အမြဲတမ်း နားရက်ပိုရနေတာမျိုးကမှပါ ။

Specialist in failure, February 2014 -

သတင်းစာရှင်းလင်းပွဲမှာ ချဲလ်ဆီးတို့ဖွင့်ဆော့မယ်ဆိုရင်ဖလားရနိုင်ချေကို မေးမြန်းခံရ- အင်္ဂလန် မီဒီယာတွေညှောင့်ချက်ကို ဝင်းဂါးကလည်းပျော်ပျော်ကြီးဝင် . . . ။

အာဆင်း - အဲ့တာက ရှုံးမှာကြောက်တဲ့စိတ်ပါ။ အသင်းတစ်သင်းက ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်ပြီဆိုရင် ရှုံးနိမ့်နိုင်ပါတယ် ။ တကယ်လို့ ဝင်မပြိုင်ဘူးဆိုရင်တော့ မရှုံးတော့ဘူးပေါ့ ။ ဒီလိုဖြစ်စဉ်တွေကြားကပဲ ကျနော်တို့က အနိုင်ရအောင်ကြိုးစားလုပ်ဆောင်ကြရမှာပါ ။

မော်ရင်ညို : ငါက အရှုံးကို ကြောက်နေမယ့်လူလား ။ တကယ်တမ်း သူကမှ အရှုံးစပါယ်ရှယ်လစ်ပဲလေ။ ငါကတော့ အဲ့လိုလူမဟုတ်ပါဘူး ။ တကယ်လို့ သူပြောတာကို အမှန်လို့ယူဆမယ်ဆိုရင် ၊ ဟုတ်တယ် ၊ ငါက အရှုံးကို ကြောက်တယ် ၊ ဘာလို့လည်းဆိုတော့ ငါမှ များများစားစားမရှုံးဘူးတာ၊ ဒါဖြစ်လို့ သူမှန်နိုင်ပါတယ် ၊ ငါက ရှုံးလေ့မရှိဘူး၊ ဒါပေမယ့် သူကမှ တကယ့် အရှုံးသမားကြီးပဲ၊ ရှုံးတာမှ ရှစ်နှစ်ကျော်မှာ ဆုတံဆိပ်လေးတစ်ခုမှတောင် မရဘူး ၊ အဲ့တာကမှ ရှုံးနိမ့်မှုအစစ် ။

ဒီမှာတော့ ဝင်းဂါးအတော် အထိနာပါသည် ။ သူက ခံစစ်ကစားခြင်းကို ဘောလုံးအားကစားရဲ့ရန်သူလို့ သတ်မှတ်ထားသူတစ်‌ယောက်ဖြစ်သည် ။ ဒါကြောင့် မော်ရင်ဟိုအပေါ် ခနဲ့မှုတွေ ဘယ်တော့မှ မရပ်ခဲ့ ။ မော်ရင်ဟိုက လည်း ပိုသာအောင် တုံ့ပြန်သည် ။ အဆုံးတစ်နေရာမှာတော့ တစ်ယောက်က Parking In the Bus ဟူသော နာမည်တစ်ဆိုးတစ်လုံးနဲ့အဆုံးသတ်ပြီး တစ်ယောက် အရှုံးစပယ်ရှယ်လစ်ဟူသော ဘွဲ့ကိုရသည် ။ နှစ်ယောက်လုံးဖူးယောင်နေတဲ့ လက်ဝှေ့ပွဲလိုပင် ။

ဂွာဒီယိုလာ - မော်ရင်ညို မော်ရင်ညို - ကလော့ပ် ပြိုင်ဆိုင်မှုများလည်းရှိခဲ့သည် ။ ပရီးမီးယားလိဒ်ဖန်များအဖို့ရာတော့ ဒီ Battle သုံးခုလောက် အသက်ဝင်မှုမရှိ ။ ဂွာဒီယိုလာနဲ့ စပိန်မှာ ပြိုင်ဆိုင်မှုများခဲ့ပြီး သူ့ဘ၀ရဲ့အရေးအကြီးဆုံးပြိုင်ဘက်လို့တောင်ပြောနိုင်သော်လည်း အင်္ဂလန်တွင် သိပ် ပွဲမဖြစ်ကြ ။ မော်ရင်ညိုပြောသလို ပြိုင်ဘက်တစ်ဦးတည်းအပေါ်အာရုံမစိုက်ရခြင်းကြောင့်လည်းဖြစ်နိုင်သည် ။ ကလော့ပ်ကတော့ ပါးနပ်သူပီသစွာ လူတွေကြွေဆင်းမယ့်တော်ကီတွေပဲ ဖုတ်ပြီး အောင်မြင်မှုတွေကိုသာ အာရုံစိုက်နေသည် ။

အကြောင်းအရာများသည် အရင်ကလို ပြိုင်ဆိုင်မှုမျိုးဖြစ်လာဖို့ မလုံလောက်တော့ ။ ဂွာဒီယိုလာနဲ့ ကလောပ့်တို့ကငြိမ်နေတော့ ကျနော်တို့မဖြစ်စေချင်သည့် ဝိတ်တန်းမတူသည့် ဖရန့်လမ်းပတ်နှင့် ဆိုးရှားလ်တို့ က တက်တက်ဖြစ်သည် ။

တစ်လောကလည်း ဆိုးရှားလ်က ဂိုးတိုင်တွေနိမ့်နေကြာင်းထောက်ပြခဲ့တဲ့ မော်ရင်ဟိုသွားစသည်။ မန်ယူက ဘရိုက်တန်နဲ့ကစားခဲ့ရပြီး ဘရိုက်တန်က ကံဆိုးစွာ ဂိုးတိုင်ကို ငါးကြိမ်ထိမှန်ခဲ့သည် ။

" ဟိုးဆေး ဒီမှာမရှိတာ ကံကောင်းတာပဲ ။ ရှိရင် ဒီဂိုးတိုင်တွေကိုမြှင့်ခိုင်းနေမှာ ။ "

ဒါကို ကြားကြားချင်း မန်ယူဖန်တွေအပါအဝင် အားလုံးက ဒီဘဲ ဘာထင်နေလို့ သွားစတာလည်း ဆိုပြီး မော်ရင်ညို ဘယ်လိုပြန်ပြောမလဲဆိုတာကို ရင်ခုန်စွာစောင့်ခဲ့ကြသည် ။ မော်ရင်ဟိုပြန်ပြောတာက " ဆိုးရှားလ်အတွက် ဂိုးတိုင်ရဲ့ အမြင့်က ပြဿနာမဟုတ်လောက်ပါဘူး။ သူတို့အတွက် တကယ်အရေးကြီးတာက ပင်နယ်တီ ဧရီယာပါ ။ သူတို့က အဲ့တာကို ၁၇ ကိုက်လောက် ဘယ်တော့မှာဖြစ်ခံမှာမဟုတ်ပါဘူး ။ ကျနော်ထင်တယ် ။ ပင်နယ်တီဧရိယာ ၂၂ ကိုက်လောက်ဆို သူကြိုက်လောက်မှာပါ ။ " ဂိပြီ ။ အားလုံးရယ်ကြရသည်။ အင်ဟ ဆို ဖြစ်ကုန်ကြသည် ။ ဆိုးရှားလ်ကို အပြစ်ပြောလိုခြင်းမဟုတ်ပဲ သူသည် မော်ရင်ညိုရဲ့ စကားလုံးချင်းယှဉ်ပြိုင်ဘက်မဟုတ်ပါ ။

နောက်တစ်ယောက်ကတော့ သားလို တူ လို လမ်းပတ်က ပန်းနဲ့ပေါက်သလို မော်ရင်ညိုကို တိုက်ခိုက်တတ်ခြင်းဖြစ်သည် ။ ဟိုဆေးက ပြောလိုက်ရင် တစ်လုံးတည်းနဲ့ ဖရန့်ရင်ဘတ်ကို တည့်တည့်ထိသည် ။ မင်းတို့ ဝက်စ်ဘရွန်းကိုသရီးဇီးနဲ့ရှုံးနေတုန်းက ကွင်းဘေးစည်းမှာ မတ်တတ်တောင်မရပ်နိုင်ဘူးမလားတဲ့ ။ သို့သော် မော်ရင်ညို၏ စကားတွေထဲမှာ သက်ညှာမှုနဲ့ သံယောဇဉ်ကို လည်းမြင်ရပါသည် ။

ပွဲတွေကမလှတော့ ပြိုင်ဘက်ကျော်အာဆင်းက စာအုပ်ထရေးပေးရသည် ။ အာဆင်းရဲ့ စာအုပ်ဆိုတော့ကြော်ငြာစရာမလို ဟိုလေးတစ်ကြော် ။ ဖြစ်ချင်တော့ စာအုပ်ထဲမှာ မော်ရင်ညိုအကြောင်းမပါ ။ အဲ့တာကို မော်ရင်ညိုဘာပြန်ပြောလိုက်လည်းဆိုတာ . . . အားလုံးသိကြသည် ။

ဒီ တစ်ကျော့ပြန် Battle အငွေ့အသက်ကြောင့် ဘောလုံးနဲ့သက်ဆိုင်သူ အားလုံးပြုံးကြရပြီး ကျနော်လည်းအရင်ကအကြောင်းတွေကို ပြန်သတိရသွားခြင်းဖြစ်ပါသည် ။ အခုပြောနေသောအကြောင်းများသည် ပရီးမီးယားလိဒ်ကလပ်များဥရောပကိုကြီးစိုးခဲ့သော ရွှေရောင်နေ့စွဲများအကြောင်းဖြစ်သည် ။

ဘော်ဒါတို့လည်း အချစ်ဦးနဲ့တောင် တွေ့ကောင်းတွေ့လိမ့်ဦးမည်မဟုတ်။ တွေ့ချင်လည်းတွေ့နေပါလိမ့်မည် ။

ပြီးပါပြီ ။ . . .

RIO Sports Original Content

Comments

Popular posts from this blog

ပိုပြီးအရေးကြီးတာတွေကို လုပ်ရပါအုံးမယ် - ဒရော့ဘာ