Posts

လွမ်းမိပါရဲ့ မော်ရင်ညို ဝင်းဂါး ဖာဂူဆန် စကားလုံးတိုက်ပွဲများ

Image
  လူငယ်လေးတစ်ယောက်ဟာ မုန့်ဖိုးတွေကို စု ၊ ဂျာနယ်ဆိုင်ကိုသွား ၊ သတင်းတွေအားလုံးကို အခေါက်ခေါက်အခါခါ ဖတ်ပြီးရင် ဘာလုပ်လိုက်မယ်ထင်ပါသလဲ ။ အဖော်အချွတ်ပုံတွေကို တိတ်တိတ်လေးသိမ်းထားလိုက်ပြီးတော့ ။ ဂျာနယ်တစ်စောင်မှာ တစ်ချပ်သာပါတတ်တဲ့ ဘောလုံးသမားပုံတွေကိုတော့ ခမ်းခမ်းနားနား နံရံတွေပေါ်မှာ ကပ်ထားလိုက်ကြမယ် ။ ဒါက ကျနော်တို့ ကစားကောင်းဆင်းချိန်နဲ့ ချိန်းပွဲတွေမှာ ဘောလုံးကို ချစ်မြတ်စွာကစားဖို့ ပိုပြီး တွန်းအားဖြစ်စေသလားပဲ ။ အဲဒီအချိန် ငယ်ငယ်တုန်းက ဂျာနယ်စာမျက်နှာတွေပေါ်မှာ မော်ရင်ညိုရဲ့ ထီမထင်သလို မျက်နှာပေး ။ စကားလုံးအထေ့အငေါ့တွေ။ ချစ်ခင်သူတွေအဖို့ ဒါကို ပဲ အစွဲကြီးစွဲခဲ့ရသလို အမြ‌င်ကပ်သူတွေအဖို့ရာမှာလည်း ဒါကိုပဲ ‌မျက်စိစပါးမွှေးတွေစူးခဲ့ကြပေါ့ ။ အဲဒီ မျက်စိစပါးမွှေးစူးသူတွေထဲမှာ သက်တော်ရှည်နည်းပြကြီး ၂ ယောက်လည်းပါဝင်နေခဲ့မလား ၊ မပြောတတ်ပါ။ အင်တာ နဲ့ ပေါ်တို နှစ်သင်းလုံးနဲ့ ချန်ပီယံလိဒ် ရတော့ ဘယ်အသင်းနဲ့ဖလားရတာကို အပျော်ဆုံးလည်းဆိုတော့ ပေါ်တိုနဲ့ဖလားရတာကို အပျော်ဆုံးပါ ။ ဘာဖြစ်လို့လည်းဆိုတော့ ပေါ်တို နဲ့ တုန်းက ပေါ်တူဂီကစားသမား ၁၀ ယောက်နဲ့လေလို့ ဆိုခဲ့သူ ။ ပေါ်တိုနဲ့အောင်ပွဲခံပြီး ဆာအဲလက်န

ပိုပြီးအရေးကြီးတာတွေကို လုပ်ရပါအုံးမယ် - ဒရော့ဘာ

Image
  ဒရော့ဘာရယ်လို့ ပြောလိုက်မယ်ဆို အာဆင်နယ်အတွက် အိမ်မက်ဆိုး၊ မော်ရင်ညိုရဲ့ ဘုရင်ကြီး ၊ အာဖရိကတိုက်ရဲ့ကျွဲရိုင်းကြီး စသဖြင့် သိကြပေမယ့် ပြည်တွင်းစစ်ကို ရပ်တန်ခဲ့တဲ့ အဖြစ်ကိုတော့ သိတဲ့သူနည်းပါးပါတယ် ။ ..... AI-Merrikh ကွင်းဟာ ဆူဒန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် အွန်းမ်ဒါမန်မှာတည်ရှိပေမယ့် ကမ္ဘာ့အခမ်းအနားဆုံးကွင်းတွေထဲက တစ်ခုတော့မဟုတ်ပါဘူး။ သို့တိုင်အောင်ပဲ ရဲတိုက်နီလို့ လူသိများတဲ့ကွင်းလေးဟာ ဘောလုံးကမ္ဘာရဲ့ အဆန်ပြားဆုံးပုံပြင်ကို ဖြစ်ပေါ်စေခဲ့ရာနေရာဖြစ်ခဲ့ပါတယ်။ ရက်စွဲအရ အောက်တိုဘာလ ၈ရက် ၂၀၀၅ ခုနှစ်။ သင်္ချာနည်းအရ ကမ္ဘာဖလားဝင်ခွင့်ကလည်း ရိုးရှင်းနေတယ်။ အီဂျစ်နဲ့ပွဲကို အနိုင်ရမှ ကင်မရွန်းတို့ဟာ သူတို့ရဲ့ ခြောက်ကြိမ်မြောက်ကမ္ဘာ့ဖလားကို ဆင်နွဲခွင့်ရမယ်။ သရေကျခဲ့ရင် ရှုံးခဲ့ရင် တမှတ်အလျော့နေတဲ့ အိုင်ဗရီကို့စ်တို့က ဆူဒန်ကို အနိုင်ယူပြီး သူတို့ပထမဆုံး ကမ္ဘာ့ဖလားပွဲကြီးကို ဆင်နွဲခွင့်ရသွားနိုင်မယ် ။ ရွှေရောင်မျိုးဆက်တွေရဲ့တောင့်တင်းမှုမျိုးကပဲ အောင်မြင်မှုတွေဆီခေါ်ဆောင်သွားနိူင်မယ်ဆိုရင် ၂၀၀၅ ခုနှစ်တုန်းက အိုင်ဗရီကိုစ့်လူစာရင်းဟာ အဲဒီအတိုင်းအတိအကျရှိနေတယ်။ သူတို့မှာ ခိုင်မာတောင့်တင်းတဲ့ လူစ