Man Utd Vs West Brom ၊ ပွဲကြိုသုံးသပ်ချက် 21 November 2020

 


Man Utd Vs West Brom ၊ ပွဲကြိုသုံးသပ်ချက် 

=========

ပြီးခဲ့တဲ့ အပတ်က အဲဗာတန်အသင်းကို ပူပူနွေးနွေးအနိုင်ရထားတဲ့ မန်ချက်စတာယူနိုက်တက် အသင်းက  ဝက်စ်ဘရွန်းအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်တယ်။ ဝက်စ်ဘရွန်းအသင်းက ယခုရာသီမှာ နိုင်ပွဲ တစ်ပွဲမျှ ရယူထားနိုင်ခြင်း မရှိသေးပဲ အမှတ်ပေးဇယား အဆင့်( ၁၈ ) နေရာမှာ ရပ်တည်နေတယ်။


==========


အချိန် - နိုဝင်ဘာ ( ၂၁ ) ရက် ၊ ၉:၃၀ နာရီ


ကွင်း - အိုးလ်ထရတ်ဖို့ဒ်


ပြိုင်ပွဲ - ပရီးမီးယားလိဂ် ပွဲစဉ် ( ၉ ) 


============


ဆိုးရှားရဲ့ မန်ယူနိုက်တက်သင်းက ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရတယ်။ ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ( ၇ ) ပွဲကစားထားရာ ( ၃ ) ပွဲ နိုင် ၊ ( ၁ ) ပွဲ သရေ ၊ ( ၃ ) ပွဲ ရှုံး ရမှတ် ( ၁၀ ) မှတ်ရရှိထားပြီး အမှတ်ပေးဇယား အဆင့် ( ၁၄ ) နေရာမှာ ရပ်တည်နေတယ်။ 


ဝက်စ်ဘရွန်း  အသင်းက ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ အသင်းဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နိုင်ပွဲ တစ်ပွဲမျှ မရသေးတာတွေ့ရတယ်။ ( ၈ ) ပွဲကစားထားရာ ( ၃ ) ပွဲ သရေ ၊ ( ၅ ) ပွဲ ရှုံး ရမှတ် ( ၃ ) မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယား အဆင့် ( ၁၈ ) နေရာမှာ ရပ်တည်နေတယ်။ 


မန်ယူနိုက်တက် နှင့် ဝက်စ်ဘရွန်းအသင်းတို့ဟာ သမိုင်းတစ်လျှောက် ( ၁၈ ) ကြိမ်တွေ့ဆုံထားပြီး မန်ယူအသင်းက ( ၁၀ ) ကြိမ် ၊ ဝက်စ်ဘရွန်းအသင်းက ( ၄ ) ကြိမ် အနိုင်ရရှိထားပြီး ( ၄ ) ကြိမ်က သရေရလာဒ်ထွက်ပေါ်ခဲ့တယ်။ 



============


#မန်ချက်စတာယူနိုက်တက် 


Man Utd အသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ( ၆) မှာ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ် ပွဲစဉ်  အစ္စတန်ဘူ ကလပ်ကိုပါ ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့အတွက် နည်းပြ အိုလေ ဂန်းနား ဆိုးရှား အနေနဲ့ ဖိအားအောက် ကျရောက်နေခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ  ဘရူနို ဖာနန်ဒက် ၊အက်ဒီဆန် ကာဗာနီ တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာက ဆိုးရှား အနည်းငယ် ဖိအား လျော့နည်းစေပါလိမ့်မယ်။ 


surprise အနေနဲ့ မန်ယူအသင်းက အဆိုပါ ပွဲစဉ်မှာ ပေါ့ဘာအစား ဟွမ် မာတာကို ညာခြမ်းမှာ အသုံးပြုခဲ့တယ်။ ပေါ့ဘာအနေနဲ့ ယခုရာသီမှာ ခြေစွမ်းပြ ကစားထားနိုင်ခြင်း မရှိပဲ ယခုရာသီအတွင်း မန်ယူနိုက်တက်အသင်းအတွက် ၃၇၄ မိနစ် ကစားပေးထားရာမှာ key passes ( ၂ ) ကြိမ် နှင့် chance created ( ၂ ) ကြိမ်သာ ပြုလုပ်ထားနိုင်တယ်။ ကမ္ဘာ့ဖလားချန်ပီယံ ပေါ့ဘာက world class player တစ်ဦးဖြစ်တယ်ဆိုတာ ငြင်းလို့မရပေမယ့် ယခုရာသီမှာတော့ ဆိုးရှားအစီအစဉ်တွေထဲ  အံမဝင်ပဲ ဖြစ်နေတယ်။ အသင်းလူစာရင်းထဲ ပါဝင်ခြင်း မရှိတဲ့ ဂရင်းဝုဒ်နေရာမှာ မာရှယ် ပွဲထွက်ခွင့်ရခဲ့တယ်။ နည်းပြဆိုးရှားက ဂရင်းဝုဒ် ဖျားနေတာကြောင့် အသင်းလူစာလူစားရင်းကနေ ချန်လှပ်ထားခဲ့တာလို့  အကြောင်းပြချက်ပေးခဲ့ပေမယ့် ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။ 


နည်းပြ အိုလေဂန်းနာဆိုးရှားအနေနဲ့ diamomd ကစားကွက်ကနေ traditional 4-4-1-1 ပုံစံ ပြောင်းလဲ အသုံးပြုလာတာ တွေ့ရပြီး ဘရူနိုဖာနန်ဒက်ကို ပိုမို လွတ်လွတ်လပ်လပ် ကစားစေတာ တွေ့ရတယ်။ မန်ယူနိုက်တက်အသင်း ခံစစ်က အစ္စတန်ဘူ ကလပ်အသင်းနဲ့ ပွဲစဉ်မှာ ကစားသမားတွေအကြား နားလည်မှု နှင့် ခေါင်းဆောင်မှုပိုင်း အားနည်းခဲ့ပြီး မပေးသင့်တဲ့ ဂိုးတွေ ခွင့်ပြုခဲ့ရတာကြောင့် ဝေဖန်ခံခဲ့ရတယ်။ ဒါပေမယ့် အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာတော့ မန်ယူနိုက်တက် နောက်တန်းက အတော်လေးကောင်းမွန်လာပြီး  counter attacks တွေကိုလည်း ထိထိရောက်ရောက် တားဆီးနိုင်ခဲ့တယ်။ နည်းပြ ဆိုးရှားရဲ့ လက်ရှိ ကစားကွက်မှာ မက်တွမ်မီနေး နှင့် ဖရက် က မန်ယူအသင်း ကွင်းလယ်ရဲ့ ကျောက်ဆောင်လို ဖြစ်နေပြီး အဓိက ကစားသမား အဖြစ်ပါဝင်ပတ်သက်နေတယ်။ 


မန်ယူနိုက်တက်အသင်းရဲ့ build up အများစုက အသင်းရဲ့ ဘယ်ခြမ်းကနေ စတင်လေ့ရှိပြီး လုခ်ရှော ၊ ဖရက် ၊ ဖာနန်ဒက်တို့ တွဲလုံးတွေကနေတစ်ဆင့် တိုက်စစ်လမ်းကြောင်း စတင်လေ့ရှိတယ်။ ဒါပေမယ့် လုခ်ရှောအနေနဲ့ ဒဏ်ရာပြဿနာကြောင့် ယခုပွဲစဉ်ကို လွှဲချော်ဖွယ်ရှိနေပြီး မန်ယူအသင်းအတွက် ထိုးနက်ချက် ဖြစ်လာနိုင်တယ်။ လုခ်ရှောနေရာမှာ လူငယ်ကစားသမား ထရန်ဇီဘီ ဝင်ရောက်ကစားဖွယ် ရှိပါတယ်။ 


ယခုရာသီမှာ ဘရူနိူဖာနန်ဒက်က မန်ယူနိုက်တက်အသင်းအတွက် အဓိက အကျဆုံး ကစားသမားလို ဖြစ်နေပြီး ယခုရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ( ၅ ) ဂိုးထိ ရယူပေးထားတယ်။ 


မန်ယူအသင်းက ယခုရာသီ အိမ်ကွင်း ရလာဒ်တွေ ဆိုးရွားနေပြီး ( ၄ ) ပွဲကစားထားရာမှာ ( ၁ ) မှတ်သာ ရယူထားနိုင်တယ်။ အိမ်ကွင်း ပွဲစဉ်တွေမှာ တစ်ပွဲ ပျမ်းမျှ ၀.၅ ဂိုး သွင်းယူပေးထားပြီး ၂.၅ ဂိုးထိ ခွင့်ပြုပေးထားရတာတွေ့ရတယ်။အိမ်ကွင်းပွဲစဉ်တွေမှာ  ရဂိုး ( ၂ ) နှင့်  ပေးဂိုး  ( ၁၀ ) ဂိုးထိ ရှိထားတဲ့ မန်ယူနိုက်တက်ရဲ့ ခံစစ်က စိုးရိမ်စရာ မှတ်တမ်းလို့ ဆိုရမယ်။ 


#ဝက်စ်ဘရွန်း


ပြီးခဲ့တဲ့ ရာသီကုန်မှာချနိပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ ဝက်စ်ဘရွန်းအသင်းက ယခုရာသီ ( ၈ ) ပွဲကစားထားရာမှာ နိုင်ပွဲပျောက်ဆုံးနေပြီး ( ၃ ) မှတ်သာရရှိသေးတဲ့အတွက် အမှတ်ပေးဇယား အဆင့် ( ၁၈ ) နေရာမှာ ရပ်တည်နေတယ်။နောက်ပြီး ( ၈ ) ပွဲကစားထားရာမှာ ( ၂ ) ဂိုးသာ သွင်းယူထားနိုင်ပြီး ( ၁၀ ) ဂိုးထိ ခွင့်ပြုထားရတယ်။ 



ဝက်စ်ဘရွန်းအသင်းအနေနဲ့ ပွဲစဉ်အများစုမှာ တိုက်စစ်ဆင်မှုတွေ ပြုလုပ်ထားနိုင်ပေမယ့် ဂိုးအဖြစ်ပြောင်းလဲပေးနိုင်မယ့် အရည်အသွေးမြှင့် တိုက်စစ်ကစားသမား လိုအပ်နေတာ တွေ့ရတယ်။ ဒါ့အပြင် တန်းဆင်းဇုံတိုက်ပွဲကို ရှောင်လွဲနိုင်ဖို့ ယိုယွင်းနေတဲ့ ခံစစ်ကိုလည်း အချိန်မှီ ပြင်ဆင်ရန် လိုအပ်နေတယ်။


================

နောက်ဆုံး ( ၅ ) ပွဲရလာဒ်


#မန်ချက်စတာယူနိုက်တက် DWLLW


Everton 1 - 3 Manchester United (EPL)

İstanbul Başakşehir2 - 1Manchester United (UCL)

Manchester United 0 - 1 Arsenal (EPL)

Manchester United 5 - 0 RB Leipzig (UCL)

Manchester United 0 - 0 Chelsea (EPL )


#ဝက်စ်ဘရွန်း LDDLL


West Bromwich Albion 0 - 1 Tottenham Hotspur 

Fulham 2 - 0 West Bromwich Albion

Brighton & Hove Albion 1 - 1 West Bromwich Albion

West Bromwich Albion 0 - 0 Burnley

Southampton 2 - 0 West Bromwich


#နောက်ဆုံး ( ၅ ) ကြိမ် ထိပ်တိုက်တွေ့ဆုံမှု 


Apr 15, 2018

Manchester United(0 - 1) West Bromwich Albion 


Dec 17, 2017

West Bromwich Albion (1-2) Manchester United


Apr 1, 2017

Manchester United (0-0) West Bromwich Albion


Dec 17, 2016

West Bromwich Albion (0-2 )Manchester United


Mar 6, 2016

West Bromwich Albion (1-0) Manchester United

=============

ဒဏ်ရာရ / ပွဲပယ် 


#မန်ချက်စတာယူနိုက်တက် 


-အဲရစ်ဘိုင်လီ

-ဂျေစီလင်ဂတ်

-လုခ်ရှော 

-ဖီးဂျုံးစ်


#ဝက်စဘရွန်း


-အိုင်ဗန်နိုဗစ်

-ရော်ဘင်ဆန်

-ရော့ဘ်ဆန်ကနူး

-မက်သီးရပ်စ် ပီရီယာ

-ဆမ်ဖီးလ်


==========


မန်ယူနိုက်တက်အသင်းက အိမ်ကွင်းပွဲစဉ်တွေမှာ ရလာဒ်ဆိုးရွားနေပြီး ဝက်စ်ဘရွန်းအသင်းကလည်း အဝေးကွင်းပွဲစဉ်တွေမှာ ရုန်းကန်နေရတယ် ။ နှစ်ဖက်အသင်း နည်းပြ ( ၂ ) ဦးစလုံးက ဖိအားတွေအောက် ရောက်နေပြီး ဝက်စ်ဘရွန်းအသင်းက တန်းဆင်းဇုံကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားလာမှာဖြစ်သလို အဲဗာတန်အသင်းကို အဝေးကွင်းမှာ  ပူပူနွေနွေး အနိုင်ရထားတဲ့ ဆိုးရှားရဲ့ မန်ယူအသင်းကလည်း အမှတ်ပေးဇယားထိပ်ပိုင်းကို တက်လှမ်းနိုင်ဖို့ ယခုလိုပွဲစဉ်မှာ အမှတ်ပြည့်ရယူဖို့ အရေးကြီးတာကြောင့် မန်ယူအသင်းက အိမ်ကွင်းမှာ ဝက်စ်ဘရွန်းအသင်းကို အသားစီရလိမ့်မယ်လို့ ယူဆတယ်။


ခန့်မှန်းရလာဒ် ၊ မန်ယူနိုက်တက် ၂ - ၀ ဝက်စ်ဘရွန်း 




RIO Sports Original Content










Comments

Popular posts from this blog

ပိုပြီးအရေးကြီးတာတွေကို လုပ်ရပါအုံးမယ် - ဒရော့ဘာ

လွမ်းမိပါရဲ့ မော်ရင်ညို ဝင်းဂါး ဖာဂူဆန် စကားလုံးတိုက်ပွဲများ