လွမ်းမိပါရဲ့ မော်ရင်ညို ဝင်းဂါး ဖာဂူဆန် စကားလုံးတိုက်ပွဲများ

လူငယ်လေးတစ်ယောက်ဟာ မုန့်ဖိုးတွေကို စု ၊ ဂျာနယ်ဆိုင်ကိုသွား ၊ သတင်းတွေအားလုံးကို အခေါက်ခေါက်အခါခါ ဖတ်ပြီးရင် ဘာလုပ်လိုက်မယ်ထင်ပါသလဲ ။ အဖော်အချွတ်ပုံတွေကို တိတ်တိတ်လေးသိမ်းထားလိုက်ပြီးတော့ ။ ဂျာနယ်တစ်စောင်မှာ တစ်ချပ်သာပါတတ်တဲ့ ဘောလုံးသမားပုံတွေကိုတော့ ခမ်းခမ်းနားနား နံရံတွေပေါ်မှာ ကပ်ထားလိုက်ကြမယ် ။ ဒါက ကျနော်တို့ ကစားကောင်းဆင်းချိန်နဲ့ ချိန်းပွဲတွေမှာ ဘောလုံးကို ချစ်မြတ်စွာကစားဖို့ ပိုပြီး တွန်းအားဖြစ်စေသလားပဲ ။ အဲဒီအချိန် ငယ်ငယ်တုန်းက ဂျာနယ်စာမျက်နှာတွေပေါ်မှာ မော်ရင်ညိုရဲ့ ထီမထင်သလို မျက်နှာပေး ။ စကားလုံးအထေ့အငေါ့တွေ။ ချစ်ခင်သူတွေအဖို့ ဒါကို ပဲ အစွဲကြီးစွဲခဲ့ရသလို အမြင်ကပ်သူတွေအဖို့ရာမှာလည်း ဒါကိုပဲ မျက်စိစပါးမွှေးတွေစူးခဲ့ကြပေါ့ ။ အဲဒီ မျက်စိစပါးမွှေးစူးသူတွေထဲမှာ သက်တော်ရှည်နည်းပြကြီး ၂ ယောက်လည်းပါဝင်နေခဲ့မလား ၊ မပြောတတ်ပါ။ အင်တာ နဲ့ ပေါ်တို နှစ်သင်းလုံးနဲ့ ချန်ပီယံလိဒ် ရတော့ ဘယ်အသင်းနဲ့ဖလားရတာကို အပျော်ဆုံးလည်းဆိုတော့ ပေါ်တိုနဲ့ဖလားရတာကို အပျော်ဆုံးပါ ။ ဘာဖြစ်လို့လည်းဆိုတော့ ပေါ်တို နဲ့ တုန်းက ပေါ်တူဂီကစားသမား ၁၀ ယောက်နဲ့လေလို့ ဆိုခဲ့သူ ။ ပေါ်တိုနဲ့အောင်ပွဲခံပြီး ဆာအဲ...